Announcements

AUAA ၏ ဥက္ကဌနေရာ ဒေါက်တာနန်းဆိုင်ဟွမ်ကို ရွေးချယ်
2020-01-16

၁၆.၁.၂၀၂၀ ရက်နေ့တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော AUAA အသင်း နှစ်ပတ်လည် အစည်းအဝေးတွင် ဥက္ကဌရွေးချယ်တင်မြောက်ပွဲ ပြုလုပ်ရာ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နန်းဆိုင်ဟွမ်က အသင်းဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်လိုက်ပါသည်။ 

Share on facebook Share

ဒုတိယအကြိမ်မြောက် အာဆီယံ-ဂျပန်နိုင်ငံပူးပေါင်းသည့် သဘာဝပတ်ဝန်းကျင် ပြဿနာများကို လျှော့ချခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲ

ဒုတိယအကြိမ်မြောက် အာဆီယံ-ဂျပန်နိုင်ငံပူးပေါင်းသည့် သဘာဝပတ်ဝန်းကျင် ပြဿနာများကို လျှော့ချခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်သွားပါမည်။

ဆွေးနွေးသွားမည့်အကြောင်းအရာခေါင်းစဉ်တွေအနေနဲ့ကတော့...
(1) Prevention and Reduction of Natural Disasters
(2) Improvement on Urban Environmental Problems
(3) Environmental Preservation and Sustainable Development
(4) Prevention Reduction of NCDs by Functional Food and Health Control

ဆွေးနွေးပွဲကို
နေ့ရက်။ ။ ၁၁.၁၂.၂၀၁၉
အချိန် ။ ။ နံနက် (၉:၀၀)နာရီ မှ ညနေ (၄:၃၀) ထိ
နေရာ ။ ။ Hilton Hotel, Nay Pyi Taw

နေ့လည်စာကို buffet စီစဉ်ပေးပါမည်

စိတ်ဝင်းစားသူများမည်သူမဆို အခမဲ့ စာရင်းသွင်း၍ တက်ရောက်နိုင်ပါသည်။

Online registration - https://trpnep.org/registration

Share on facebook Share

ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ

      စိုက်ပျိုးရေးဘွဲ့ရများအသင်း (AUAA) ရန်ကုန်၏ အစီအစဥ်ဖြင့် ဂျပန်နိုင်ငံရှိ Kagawa University, Faculty of Agriculture, Department of Applied Biological Science, မှ Professor Dr. Hisashi Kato မှ အောက်ပါအစီအစဥ် အတိုင်း ဟောပြောပွဲပြုလုပ် ကျင်းပမည်ဖြစ်ပါ၍ တက်ရောက်ချီးမြှင့် နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

 

ဟောပြောမည့်အကြောင်းအရာ - ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် သဘာဝအရင်းအမြစ်များ ဖော်ထုတ်ခြင်းနှင့်

                                              ဖွံ့ဖြိုးရန်ဆောင်ရွက်ခြင်း။

 

နေ့ရက်။ ။ ၃၀.၁၁.၂၀၁၉ (စနေနေ့)

အချိန် ။ ။ နံနက်(၉း၀၀)နာရီမှ (၁၁း၀၀)နာရီထိ

နေရာ ။ ။ ကြို့ကုန်းမျိုးစေ့ဌာနခွဲ အစည်းအဝေးခန်းမ

Share on facebook Share

အသက်(၈၀)ပြည့်နှင့်အထက် စိုက်ပျိုးရေးဘွဲ့ရများ ဂါဝရပြုပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသော ကန်တော့ခံများ

အသက်(၈၀)ပြည့်နှင့်အထက် စိုက်ပျိုးရေးဘွဲ့ရများ ဂါဝရပြုပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသော -
(၁) ဒေါက်တာလှတင်ဦး
(၂) ဦးလွန်း
(၃) ဦးခင်မောင်အေး
(၄) ဦးမောင်မောင်
(၅) ဒေါ်လီလီညွန့် စသောလူများကို အိမ်တိုင်ရာ ရောက် ကန်တော့ပြီးခဲ့ပါသည်။

ကန်တော့ရန် ကျန်သေးသော -
(၁) ဦးလှရှိန်
(၂) ဦးလှမောင်
(၃) ဦးလှအောင်
(၄) ဦးသန်းညွန့်
(၅) ဦးချစ်ငွေ
(၆) ဦးအေးကျော်
(၇) ဦးထွန်းရီ
(၈) ဦးမင်းအောင်
(၉) ဦးလှရွှေ စသောလူများကို AUAA ရန်ကုန်မှ ဆက်လက်၍ တာဝန်ယူ ကန်တော့ပေးသွားပါမည်။

Share on facebook Share

အသက် ( ၈၀ ) ပြည့်နှင့်အထက် စိုက်ပျိုးရေးဘွဲ့ရများ ဂါရဝပြုပွဲ ဖိတ်ကြားခြင်း

စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း ( AUAA ) မှ ကြီးမှူးကျင်းပသော အသက် ( ၈၀ ) ပြည့်နှင့် အထက် စိုက်ပျိုးရေးဘွဲ့ရပုဂ္ဂိုလ် ( ၅၄ ) ဦးအား နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် | ဂါရဝပြုပွဲများကို ကျင်းပမည်ဖြစ်ပါသည် ။

( AUAA ) ရန်ကုန်မှ ကန်တော့ခံပုဂ္ဂိုလ် ( ၃၂ ) ဦး ဂါရဝပြုပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပ မည်ဖြစ်ပါသည် ။ စိုက်ပျိုးရေးဘွဲ့ရ ( B . Ag ) များအားလုံး တက်ရောက်နိုင်ကြပါရန် ဖိတ်ကြားအပ်ပါသည် ။

                                                       ( ဖိတ်စာဖြင့် သီးခြားမဖိတ်ပါ )

နေ့ရက် - ၂၆ - ၁၀ - ၂၀၁၉ ရက် ( စနေနေ့ )

အချိန် - မွန်းလွဲ ( ၁ ) နာရီ

နေရာ - စိုက်ပျိုးရေးပြတိုက် ၊ မြေပဒေသာကျွန်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။

အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းလိုပါက-

ငွေစာရင်း ၊ ကမ္ဘောဇဘဏ် - ၀၃၄၃၀၂၀၃၄၀၂၂၄၆၇၀၁ နှင့် စိုက်ပျိုးရေးဦးစီးဌာန ၊ မြေပဒေသာ အရောင်းဆိုင် ဖုန်း - ၀၉ - ၄၃၀၆၈၁၇၂ တို့သို့ ပေးပို့လှူဒါန်းနိုင်ပါသည် ။

                                                                                                                                             ကျင်းပရေးအဖွဲ့

Share on facebook Share

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(၁၅)ကြိမ်မြောက်နှစ်လည်မဂ္ဂဇင်း တက္ကသိုလ်ရာပြည့်အကြို ( ၉၅နှစ်ပြည့် ) အတွက် စာမှုထပ်မံဖိတ်ခေါ်ခြင်း

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ( ၁၅ ) ကြိမ်မြောက်နှစ်လည်မဂ္ဂဇင်း တက္ကသိုလ် ရာပြည့်အကြို ( ၉၅နှစ်ပြည့် ) ကို ၂၀၁၉ ဒီဇင်ဘာလတွင် က်လက်ထုတ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ စိတ်ပါဝင်စားသူ ဝါသနာရှင်တိုင်း ကဗျာ ၊ ဝတ္တုတို ဆောင်းပါး ရယ်စရာ ၊ ကာတွန်း စာညွန့် နှင့် ဘာသာရပ် စာမူစသည်တို့ကို မြန်မာ သို့မဟုတ် အင်္ဂလိပ် ကြိုက်နှစ်သက်ရာဘာသာဖြင့် အောက်ဖော်ပြပါ လိပ်စာအတိုင်း ၂၀၁၉ခုနှစ် ၊ အောက်တိုဘာလ ( ၁၁ ) ရက် ( သောကြာနေ့ ) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည် ။

စာမူစည်းကမ်းများ 

၁ ။ စာမူများကို A4 အရွယ်အစားကရွက်ဖြင့် စာမျက်နှာတစ်ဖက်တည်း ( လက်ရေး သို့မဟုတ် ကွန်ပျူတာစာစီ ) ရေးသားပေးပို့ရမည် ။ စာမျက်နှာတပ်ရမည် ။ လက်ဝဲဖက် ဘေးစွန်းနေရာ ( On - inch Margin ) အလုံအလောက်ထားရမည် ။

၂ ။ ဝတ္ထုတို ၊ ဆောင်းပါးများအတွက် လက်ရေးမူဖြစ်ပါက ( ၈ ) မျက်နှာထက်မပိုရ ။ ကွန်ပျူတာစာစီ ဖြစ်ပါက ( Font : Metrix - 1 , Font Size : 14 , Line spacing 1 . 15 ) စာမျက်နှာ ( ၆ ) မျက်နှာထက် မပိုရ ။

၃ ။ ဘာသာပြန်စာမူဖြစ်ပါက မူရင်းစာကိုယ်ကိုပူးတွဲတင်ပြရမည် ။

၄ ။ ကာတွန်းကို တစ်ကွက်လျှင် ( ၇လက္မ x ၉လက္ခ ) အရွယ်ထားပြီး စာရွက်အဖြူပေါ်တွင်မင်အနက်ဖြင့် စီပသေသပ်စွာ ရေးဆွဲပေးပို့ရမည် ။

၅ ။ ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်းနှင့် အခြားစာစောင်နှင့် မဂ္ဂဇင်းများတွင် ဖော်ပြပြီးမဟုတ်ကြောင်း ဝန်ခံလက်မှတ် ရေးထိုးပေးပို့ရမည် ။

၆ ။ ကလောင်အမည် ၊ အမည်ရင်း မှတ်ပုံတင်အမှတ် ခုံအမှတ် ၊ အတန်း ( သို့မဟုတ် ) အလုပ်အကိုင်နှင့် ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံဖော်ပြရမည် ။

၇ ။ အီးမေးလ်မှတစ်ဆင့် ပေးပို့မည်ဆိုပါကလည်း အထက်ဖော်ပြပါ စည်းကမ်းများအတိုင်း လိုက်နာရေးသား ပေးပို့ရမည် ။

၈ ။ စည်းကမ်းချက်များနှင့်ကိုက်ညီမှုမရှိသောစာမူများကို စာတည်းအဖွဲ့မှ တည်းဖြတ်ရွေးချယ်မှုပြုလုပ်မည် မဟုတ်ပါ ။

                                                                                       ( ၁၅ ) ကြိမ်မြောက်နှစ်လည်မဂ္ဂဇင်းကော်မတီ

                                                                                                      ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆက်သွယ်ပေးပို့ရန်လိပ်စာ - ဒေါက်တာစောထိုလုံ့ထူး ။                                                                                                                              အတွင်းရေးမှူး                                                                                                                                              ( ၁၅ ) ကြိမ်မြောက်နှစ်လည်မဂ္ဂဇင်းကော်မတီ                                                                                                     တွဲဖက်ပါမောက္ခ ဥယျာဉ်ခြံသီးနှံပညာဌာန                                                                                                         ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်                                                                                                                         ရေဆင်း နေပြည်တော် ။                    https://auaa.sgp1.digitaloceanspaces.com/editor_images/October2019/bLlNJ8zDsgJyPGt9gWvaigfZbfmBE9V50zTRTR18.jpg                                                                                                             yau95magazine@yau.edu.mm

Share on facebook Share

စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်းမှ ကြီးမှူးကျင်းပသော (၂၁)ကြိမ်မြောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ နှိုဆော်ခြင်း

စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်းမှ ကြီးမှူးကျင်းပ သော ( ၂၁ ) ကြိမ်မြောက် အငြိမ်းစား ဆရာကြီး ၊ ဆရာမကြီး များအား ပူဇော်ကန်တော့ပွဲကို ၁၈ - ၁ - ၂၀၂၀ရက်နှင့် သုတေ သန စာတမ်းဖတ်ပွဲကို ၁၆ - ၁ - ၂၀၂၀ ရက်များတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည် ။ သို့ဖြစ်ပါ၍ ရပ်နီးရပ်ဝေးနေ စိုက်ပျိုး ရေးတက္ကသိုလ်ဘွဲ့ရများ စုံညီစွာတက်ရောက်နိုင်ကြပါရန်နှင့် အလှူငွေများထည့်ဝင်လှူဒါန်းနိုင်ပါရန်လေးစားစွာအသိပေး တိုက်တွန်းနှိုးဆော်အပ်ပါသည် ။ | အလှူငွေထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် ဒေါက်တာ ချိုချိုစံ ၁၂ / ကမရ ( နိုင် ) ၀၃၂၉၁၄ ၊ ဖုန်း - ၀၉ - ၄၂၀၇၀၉၀၆၇သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ပြန်ကြားရေးဆပ်ကော်မတီ https://auaa.sgp1.digitaloceanspaces.com/editor_images/October2019/VyaMwnENkyUMPXoAl1KmK0ZPSB9UKIn87do6lgdn.jpgစိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း

Share on facebook Share

ဘေးကင်းလုံခြုံသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်မှုနှင့် ဈေးကွက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ
2019-09-29

 ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှစီစဉ်သော ဘေးကင်းလုံခြုံသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်မှုနှင့် ဈေးကွက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ

အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ တက်ရောက်ချီးမြှင့် နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက်- စက်တင်ဘာလ(၂၉)ရက်၊ ၂၀၁၉ ခုနှစ်( တနင်္ဂနွေနေ့)

နေရာ - စိုက်ပျိုးရေးပြတိုက်၊ မြေပဒေသာကျွန်း၊ ကန်တော်ကြီး

အချိန်- နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ

Share on facebook Share

သုံးလပတ် အစည်းအဝေး ဖိတ်ကြားခြင်း

AUAA ရုံးခွဲမှ ဥက္ကဌများနှင့် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ ရုံးခွဲကိုယ်စာလှယ်များအား အစည်းအဝေးတက်ရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။ အစည်းအဝေးကို နေပြည်တော် ရေဆင်းတွင်ကျင်းပသွားမည်ဖြစ်ပါသည်။ ပြန်လည် အကြောင်းပြန်ပေးကြပါရန်။

Share on facebook Share


Are you Agricultural University Alumni?
Keep in touch with each other using AUAA app!